AAA
1 2 3 4
-- AAA

    မ္ၚဵုရအဴ ~~ "လမျီုမန်ဂှ် အရေဝ်မန်ရ၊ ပိုဲမန်တံ ဟီု,ဂး အရေဝ်မန်ညိ၊ ကတ်,ချူလိက်မန်ညိ)မုပိုဲကၠောန်မှ ဂကူပိုဲ ဂွံကလေၚ် ဂဵုလဟဵုတိုန်ပၠန်ဂှ် နကဵု က္ဍဟ်ညးကဵုညး ဗိုၚ်ချပ်ဗ္စာတုဲ ဆက်ကၠောန်အာအိုတ်စိုအ်~မန်
. ဇိုၚ်ကျာ်နာဲမန်

Tuesday, 11 August 2015


တောင်းဆိုထားတဲ့ ညီငယ်လေးတစ်ယောက်အတွက် ကွန်ပျူတာမှာ CD /
DVD အခွေကူးနည်းကိုရေးပေးလိုက်ပါတယ်..အခွေကူးတာကဘာမှမခက်
ပေမယ့်အခုမှ အခြေခံလေ့လာနေသူများအတွက် ဒီပိုစ့်လေးကတစ်ယောက်
ယောက်အတွက်အသုံးဝင်တယ်ဆိုရင် ကျနော်ကျေနပ်ပါတယ်..ကျနော်ကိုယ်
လည်းကွန်ပျူတာကို စတင်လေ့လာချိန်ကစပြီးတော့ အခွေကူးတာကို ၆ လ
လောက်ကြာမှသိခဲ့တာပါ ကြားထဲမှာအခြားအရာတွေကို လေ့လာနေခဲ့ရလို့ပါ..

အခွေကူးတဲ့နည်းတွေအများကြီးရှိသလို ဆော့ဝဲတွေလည်းမိမိနဲ့အဆင်ပြေတဲ့ဆော့
ဝဲတွေကိုအသုံးပြုတာအကောင်းဆုံးပါ..ဒီပိုစ့်လေးမှာတော့ကျနော်အခွေကူးနည်းကို
Ashampoo Burning Studio 15 ကိုအသုံးပြုပြီးတော့ပြပေးထားပါတယ် ဒီဆော့ဝဲ
လေးကလည်း အစုံသုံးလို့ရတဲ့အတွက် ကျနော်လည်းနှစ်သက်ပါတယ်..ဆော့ဝဲမရှိ
သေးရင်တော့ ဒီနေရာ ကနေဝင်ယူလိုက်ပါ ပြီးရင်အင်စတော့လုပ်ပြီးတော့အခွေ
ကူးနည်းကို ပုံလေးတွေကိုကြည့်ပြီးတော့လုပ်သွားကြည့်လိုက်ပါ..။

ဆော့ဝဲကိုဖွင့်လိုက်ပါ
အောက်ပုံလေးအတိုင်း Copy Disc ကိုကလစ်ပါ


ကူးမယ့်အခွေ CD / DVD အကိုအဆင်သင့်ယူထားပါ..


ကူးမယ့်အခွေကို Open Tray ကနေဖွင့်ပြီးထည့်လိုက်ပါ..


အခွေအသားကျသွားရင် ပုံလေးအတိုင်း အမှန်ခြစ်ပေါ်လာပါမယ် Next ဖြင့်သွားပါ..



အပေါ်ပုံလေးအတိုင်း အခွေကိုကွန်ပျူတာတာထဲ့သို့ ယာယီကူးပေးတာပြီးသွားရင် အမှန်
ခြစ်လေးပေါ်လာပါမယ် ပြီးရင် Auto အခွေထွက်လာပါမယ်..Next ဖြင့်ဆက်သွားပါ..
ပြီးရင် အခွေလွတ်ကို DVD Rom ထဲ့သို့ထည့်လိုက်ပါ..(မှတ်ချက် CD ခွေကိုကူရင် CD ခွေ
အလွတ်ကိုသုံးပြီး DVD ကိုကူးရင် DVD အလွတ်ကိုထည့်ပေးရပါမယ်..)


အပေါ်ပုံလေးအတိုင်း အမှန်ခြစ်ပေါ်လာရင်တော့ ခွေကူးရန်အဆင်သင့်ဖြစ်နေပါပြီ..
ကျနော်ဝိုင်းပြထားတဲ့နေရာတွေမှာ Speed အမြန်ဆုံးကိုရွေးချယ်နိုင်ပြီး Number Of Copies
နေရာမှာလည်း ဘယ်နှစ်ခွေကူးမယ်ဆိုတာကို ရွေးချယ်နိုင်ပါတယ်..ပြီးနောက် Advanced
Options ကိုဝင်ပြီးတော့စိတ်ကြိုက်ပြင်ဆင်နိုင်ပါသေးတယ်..


ကျနော်ဝိုင်းပြထားတဲ့နေရာမှာ အမှတ်ခြစ်ရှိနေရင်ဖြုတ်လိုက်ပါ ပြီးရင်တော့ Ok ပေါ့..
အားလုံးပြင်ဆင်ပြီးသွားရင်တော့ Write DVD ကိုကလစ်လိုက်ရင်အောက်ပုံတွေအတိုင်း
အခွေကိုစတင် ကူးပေးနေပါပြီ..


ဒီအတိုင်းလွတ်ထားလိုက်ပါ သူ့ဘာသာသူအလုပ် လုပ်သွားပါလိမ့်မယ်..





အပေါ်ပုံအတိုင်းပေါ်လာရင်တော့ အခွေကူးတာပြီးသွားပါပြီ  OK ပေးလိုက်ပါ..
အခွေထွက်လာပါလိမ့်မယ်..


နောက်ထပ်ဒီအခွေကိုပဲဆက်ပြီးတော့ နောက်တစ်ခွေပြန်ကူးချင်သေးတယ်ဆိုရင်
Write Same DVD Again ကနေထပ်ပြီးတော့ကူးနိုင်ပါတယ်..မကူးတော့ဘူးဆိုရင်
တော့ Exit နဲ့ထွက်လိုက်ပါ..။ ဒီနည်းလေးအတိုင်းကျန်တဲ့အခွေများကိုလည်းကူးနိုင်
ပါတယ်..။

                                                         အားလုံးပဲအဆင်ပြေပါစေ ..
                                                     လင်းလင်း (www.tharlay.com)

No comments:

Post a Comment

Contact Form

Name

Email *

Message *

- Related Posts Plugin for WordPress, Blogger... ... ကွးဘာကောန်ကတ်လိက် ညးမသ္စ ကတ်လ္ၚတ်ဘာသာ အၚ်္ဂလိက်တၟိတၟိတံဂှ်၊ ဗွဲကိုပ်ကၠာ သ္ဒးချူ ချာဲကတ်လ္ၚတ်ကေတ်ယၟုမန်၊ ယၟု ဍုၚ်မန်၊ ယၟုကွာန်မန်၊ ယၟု ဌာန်မန်၊ ယၟု တိ ဍာ် ဂၠံၚ်ဍာန်မန်တံရောၚ်။ကာလဂှ်မှပိုဲသ္ဂောံတိတ်ဗၠးအာ နူကဵုမျံက်ဗၟာ မသ္ဒးဗ္တောန်ဖျောန်ကၠုၚ်ဒၟံၚ် လိက်အၚ်္ဂလိက်မပ္တံကဵုယၟုဍုၚ်မန်၊ယၟုကွာန်မန်၊ယၟုဌာန်မန်၊ယၟုတိဍာ် ဂၠံၚ်ဍာန်မန်တံနူကဵုဘာသာဗၟာရဟွံသေၚ်ဟာ။ နကဵုရမျာၚ်မန်ကၠးကၠး ပိုဲချူ မာန်ကၠုၚ် ယၟု ဍုၚ်မန်၊ ယၟုကွာန်မန်၊ ယၟု ဌာန်မန်၊ ယၟု တိ ဍာ် ဂၠံၚ်ဍာန်မန် တံမာန်ကၠုၚ် ချိုတ်ချိုတ်ပၠိုတ်ပၠိုတ်မ္ဂး၊ဝၚ်ပိုဲဂှ်ကာလလဵုမှသွက်သ္ဂောံကၠေံဗ္ဒန်ဗၠိုက်တၞီအာဟွံမွဲ၊ သ္ဂောံတန်ဒှ်အာဂြပ်ညးတၞဟ်သ္အာၚ်လေဝ်ဟွံလောဲ။